Home
Location
Hotel
Restaurant
Zoological Garden
Recreation
Relaxation
Contact
 
Major Attractions
 
Major Attractions Thin Baw Oo
Thin Baw Oo | သင်္ဘောဦးပုံသဏ္ဍာန် ကျောင်းတိုက်ကြီး

စိမ်းလဲ့တင်ဟိုတယ်မှ မိနစ်(၂၀)ခန့်ကားဖြင့်သွားလျှင် ဂျပန်ခေတ်ဗုံးဒဏ်ကြောင့် ပျက်စီးသွားသောသင်္ဘောဦးပုံသဏ္ဍာန် ကျောင်းတိုက်ကြီးသို့ရောက်ရှိနိုင်ပါသည်။ ဥာဏ်တော်အမြင့်ပေ(၄၀)ရှိသော နောင်တော်လေးရုပ်ပွားတော်မြတ်။ ဥာဏ်တော် အမြင့်ပေ(၄၀)ရှိသော နောင်တော်ကြီးရုပ်ပွားတော်မြတ်။ ဗုံးဒဏ်ကြောင့်ပျက်စီးသွားသော သင်္ဘောဦး ပုံသဏ္ဍာန် ကျောင်းတိုက်ကြီး။ ကျောင်းကြီးအတွင်းပိုင်းတွင် ညောင်မြစ် များထူးဆန်းစွာတွယ်ကပ် ပေါက်နေပုံ။

သင်္ဘောဦးကျောင်းတော်ကြီးနှင့် နောင်တော်ကြီး၊ နောင်တော်လေး
ဗုဒ္ဓရုပ်ပွားတော်မြတ် (၂)ဆူ၏ သမိုင်းအကျဉ်း။


ရှေးလွန်ခဲ့သောနှစ်ပေါင်း(၁၅၀)ခန့်တွင်မရမ်းချိုကျေးရွာမှရွာသူရွာသားများ စုပေါင်း၍ ဥာဏ်တော် အမြင့်ပေ(၄၀)စီ ရှိသော နောင်တော်ကြီး၊ နောင်တော်လေး ဘွဲ့အမည်ဖြင့် ဗုဒ္ဓဆင်းထုတော်မြတ်(၂)ဆူကို တည်ထားကိုးကွယ် ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်းဂျပန်တို့သည် မရမ်းချိုတောရစာသင်တိုက်ကြီးအား လက်နက်ရိက္ခာသိုလှောင်သော နေရာအဖြစ် အသုံးပြုခဲ့ရာ ဂျပန်စစ်တပ်များကို မဟာမိတ်စစ်တပ်များက ဗုံးကြဲတိုက်ခိုက်သောအခါ ဘုရားဝင်း အတွင်းရှိ ဆင်းတုတော်မြတ်(၂)ဆူ၏ ဂန္ဓကုဋီတိုက်(၂)ဆောင်အပါအ၀င် အခြားအဆောက် အဦးအားလုံး ပြိုကျခဲ့သော်လည်း ဆင်းတုတော်မြတ်(၂)ဆူမှာ တန်ခိုးတော်ကြောင့် ပကတိအတိုင်းကောင်းမွန်စွာကျန်ရစ်ခဲ့သည်ကို ထူးခြားစွာ တွေ့ရှိရပါသည်။ သံဃာတော်များ သီတင်းသုံးရန် ဆောက်လုပ်ခဲ့သော သင်္ဘောဦးပုံသဏ္ဍာန် ကျောင်းဆောင် ကြီးမှာ ဗုံးဒဏ်ကြောင့် အတွင်းပိုင်းအထပ်များပြိုကျပျက်စီးပြီး နှစ်ပိုင်းပြတ်သွားခဲ့ ရပါသည်။ဗုံးဒဏ်ကြောင့် ပြိုကျပျက်စီး၍ ကျန်ရှိသော ရှေးဟောင်းအဆောက် အအုံများကို မရမ်းချိုတောရစာသင်တိုက်အတွင်းတွင် တွေ့ မြင်နိုင်ပါသည်။


It takes 20 minutes drive from the Sane Lè Tin Hotel to the Thin Baw Oo Kyaung Daw Gyi (the temple like a shape of ship-head) which was destroyed during the Japanese occupation. The Buddhist statue of Naung Taw lay (the younger brother) with the height of 40 feet. The Buddhist statue of Naung Taw Gyi (the elder brother) with the height of 40 feet. The Thin Baw Oo Kyaung Daw Gyi ( the temple which has the shape of ship-head) destroyed by bomb. The roots of banyan tree are unbelievably growing in the interior of the temple.
Go To Photo Gallery >>
> Bawdi Kodaung > Golden Temple > Kyaik Pawlaw
> Thin Baw Oo > Kaut Gon Cave > Kyaik Htee Saung
> Sittaung > Kyaik Ka Lon Pon > Mya Thein Tan
Copyright © 2008 Sane Lè Tin Resort